ရှင်မာကုခရစ်ဝင်ကျမ်း ၁း၁၄-၁၅
. . . ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊- အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧ၀ံဂေလိတရားကို ယုံကြည်ကြလော့ ဟူသော ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧ၀ံဂေလိတရားကို ဟောတော်မူ၏။
“ဧ၀ံဂေလိတရားကို ယုံကြည်ကြလော့. . .”
အချိန်မှာ ဗတ္တိဇံဆရာယောဟန် ထောင်ထဲသို့ရောက်ပြီး၊ သခင်ယေရှု အမှုတော်ဆောင်လုပ်ငန်း စသည့် အချိန်ဖြစ်သည်။ နေရာမှာ ဂါလိလဲပြည်တွင် ဖြစ်သည်။
သခင်ယေရှုသည် အမှုတော်ဆောင် လုပ်ငန်းစသည်နှင့် နိုင်ငံတော်နှင့်သက်ဆိုင်သော
Thursday, December 15, 2011
စစ်မှန်သောယုံကြည်ခြင်းစိတ်ထား
ကာဣနနှင့်သူ၏ ပူဇော်သက္ကာကို ပမာဏပြုတော်မမူ။ ထို့ကြောင့် ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။ (ကမ္ဘာ ၄း၅)
ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် အာဗေလပူဇော်သောယဇ်ကို လက်ခံကာ၊ ကာဣနပူဇော်သောယဇ်ကို လက်မခံခဲ့သနည်း။ ဟေဗြဲသြ၀ါဒစာ ၁၁း၎ တွင် “အာဗေလသည် ကာဣနပူဇော်သောယဇ်ထက် သာ၍မြတ်သောယဇ်ကို ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သော ယဇ်ကို ပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။…” ဟု ဖေါ်ပြပါသည်။ ထိုအခါ အဖြေမှာ ကာဣနသည် ယုံကြည်ခြင်းအားဖြင့် မပူဇော်သောကြောင့် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့ခဲ့ခြင်း ဖြစ်သည်ဟု နားလည်နိုင်သည်။ ကာဣန ယဇ်ပူဇော်ပါသည်။ လုပ်ရပ်ကောင်းပါသည်။ ယုံကြည်သောစိတ်ထားမရှိခဲ့ပါ။ ယုံကြည်ခြင်း မရှိခဲ့ပါ။
Monday, August 29, 2011
သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )
သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )
သမ္မာကျမ်းစာသည် စာအုပ်အားလုံးအနက် အထွဋ္ဋ်အထိပ် (အမြင့်မြတ်ဆုံးသော) ဖြစ်သောစာအုပ်ပေတည်း။ ဘုရားသခင် ကိုယ်တော်တိုင် လူသားတို့ ကို အမိန့် ရှိတော်မူသောစာအုပ်ဖြစ်၏။ မြင့်မြတ်သန့် ရှင်းသော ညွန်ကြားမှုကို ပေးသည့် စာအုပ်လည်းဖြစ်သည်။ ၀မ်းနည်းချိန်၌ နှစ်သိမ့်မှုကို ၄င်း၊ စိတ်ရှုပ်ထွေးနေသည့်အခါ၌ လမ်းညွန်မှုပေးခြင်း၊ ပြဿနာများကို ဖြေရှင်းပေးခြင်း၊ အပြစ်များအတွက် ဆိုဆုံးမခြင်းနှင့် ကျွနိုပ်တို့ လိုအပ်သည့် အရာများကို နေ့ စဉ်လျှို့ ဆော်ပေးလျှက်ရှိသည်။

Subscribe to:
Posts
(
Atom
)