ကောင်းကင်ဘုံဟု ခေါ်သော တိုင်းပြည် (Bible Study)
ကောင်းကင်ဘုံဟု ခေါ်သော တိုင်းပြည်
ချစ်သောမိတ်ဆွေ၊ သင်သည်သိပါသလား။
+ကျွန်ုပ်ဘယ်ကလာပါသနည်း။
+ဤနေရာ၌ကျွန်ုပ်ဘာကြောင့်ရှိနေရပါသနည်း။
+ကျွန်ုပ်ဘယ်ကိုသွားမည်နည်း။
ဤမေးခွန်းများသည် အလွန်အရေးကြီးပြီး၊ ကျမ်းစာ၌ အဖြေများကို ပေးထားပါသည်။
ကျွန်ုပ်တို့ ဘယ်က လာပါသနည်း။
ဘုရားသခင်ထံမှ လာပါသည်။ အစအဦး၌ ဘုရားသခင်သည် လူကိုမိမိ၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခဲ့ပါသည်။ သို့သော် လူသည် ဘုရားကို ဆန့်ကျင်ပုန်ကန်ခဲ့ပါသည်။
ဤနေရာ၌ ကျွန်ုပ်ဘာကြောင့် ရှိနေရပါသနည်း။
ဤနေရာ၌ရှိနေရခြင်းသည် ဘုရားသခင်ထံသို့ အပြန်လမ်းကို ရှာဖွေ တွေ့ရှိပြီး၊ သူ့ထံသို့ လှည့်ပြန်ရန်လမ်းကို ရွေးချယ်ရန် ဖြစ်သည်။
ကျွန်ုပ်ဘယ်ကို သွားမည်နည်း။
ထာဝရကာလနေရာသို့ ကျွန်ုပ်ဦးတည်၍ သွားနေပါသည်။ ထိုထာဝရကာလနေရာ၊ မည် သည့် နေရာ၌ နေမည်ကို ဤဘဝအသက်တာ၌ ကျွန်ုပ်၏ရွေးချယ်ခြင်းအပေါ် မူတည်သည်။ သခင်ယေရှုက ကျွန်ုပ်တို့အားပြောသည်မှာ အသက်တာ၌ လမ်းနှစ်သွယ် ရှိပါသည်။ ကျဉ်းသောလမ်းနှင့် ကျယ်သောလမ်း ဖြစ်ပြီး၊ ကျယ်သောလမ်းပေါ်၌ လူများစွာရှိပြီ၊ ကျဉ်းသောလမ်း၌ လူအနည်းငယ်သာ ရှိသည်။ ဤလမ်းတခုစီသည် မည်သည့်နေရာသို့ ပို့ဆောင်ကြောင်းကိုလည်း ပြောပါသည်။ သူက ကျယ်သောလမ်းသည် ပျက်စီးခြင်း (ငရဲမီးအိုင်)နှင့် ကျဉ်းသောလမ်းသည် ကောင်းကင် ဘုံသို့ ပို့ဆောင်ပါသည်။ သူက ကျွန်ုပ်တို့သည် ကျဉ်းသောလမ်းကို ရွေးချယ်ရန် တိုက်တွန်းခဲ့သည်။ ကောင်းကင်ဘုံသည် ကျွန်ုပ်တို့ စဉ်းစားကြံစည်နိုင်သော နေရာတစုံတခုထက် အလွန်မှပင်သာ၍ လှပသောနေရာ ဖြစ်သည်။ ပျော်ရွင်ခြင်းနှင့်ဝမ်းမြောက်ခြင်းတို့ ပြီးပြည့်စုံသောနေရာ ဖြစ်သည်။ ကောင်းကင်ဘုံ၌ မျက်ရည်ကျခြင်း၊ စိတ်နာကျင်ခြင်း၊ ဆာမွတ် ခြင်း၊ ဖျားနာခြင်း၊ အထီးကျန်ခြင်း၊ မုန်းတီးခြင်း၊ အပြစ်နှင့်သေခြင်းတို့ မရှိတော့ပါ။ ထိုနေရာသို့ ကျွန်ုပ်သွားရန်အလိုရှိပြီး၊ သင်သည် လည်း သွားရန် အလိုရှိလိမ့်မည်ဟု ကျွန်ုပ်ယူဆပါသည်။ ကောင်းကင်ဘုံသို့ သွားရန်အလိုရှိခဲ့သော် ကျွန်ုပ်တို့သည်တစုံတခုကို ပြုလုပ်ရပေလိမ့်မည်။ သခင်ယေရှုခရစ်ကို မိမိ၏ ကယ် တင်ရှင်အဖြစ် လက်ခံခြင်းဖြင့် ကျဉ်းသောလမ်းကို ရွေးချယ်ရပေမည်။ ဤသို့ပြုလုပ်ရန်လိုအပ်ကြောင်းကို နားလည်ရန် အထောက် အကူ ဖြစ်စေသော ကျမ်းပိုဒ်အချို့ကို ကြည့်ကြမည်။ ပထမဦးစွာသော ကျမ်းပိုဒ်များက ကျွန်ုပ်တို့နှင့်ဆိုင်သောအကြောင်းများကို ပြောဆိုပါသည်။ ကျမ်းစာက ''ကျမ်းစာလာသည် ကားဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။...ခြားနားခြင်းအလျှင်းမရှိ။ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်၏ရှေ့တော် ၌ အသရေပျက်ကြပြီ။''ဟုဆိုသည်။(ရော၊၃း၁ဝ၊၂၃) ဤကျမ်းပိုဒ်က ကျွန်ုပ်တို့ကို ဘာပြောပါသနည်း။ ကျွန်ုပ်တို့အားလုံးသည် အပြစ်များကိုပြုလုပ်ကြောင်း ပြောပါသည်။ ကျွန်ုပ် တို့အားလုံးသည် မှားသောအရာများကိုပြောဆိုခြင်း၊ ပြုမူလုပ်ဆောင်ခြင်းကိုပြုကြသည်။ ဘုရားသခင်ကကျွန်ုပ်တို့အား နှုတ်ကပတ်တော် ၌ အမှားနှင့်အမှန်ကို ပြောထားပါသည်။ သို့သော်ကျွန်ုပ်တို့သည် ဘုရားသခင်၏ပညတ်တော်များကို မစေါင့်ထိန်းပါ။ ကျွန်ုပ်တို့သည် မာန်မာန ရှိခြင်း၊ ကျေးဇူးမသိခြင်း၊ ကိုယ်ကျိုးကိုရှာခြင်းသာ ရှိကြသည်။ ဘုရားသခင်၏ လမ်းကို ရွေးချယ်ရမည့်အစား မိမိ၏ စိတ်ကြိုက်လမ်းကိုသာ ရွေးချယ်ကြပါသည်။ ဤသည်ကားအပြစ်ဖြစ်သည်။ အပြစ်သည် ကြောက်ဘွယ်ကောင်းသော အရာဖြစ်သည်။ ၄င်းသည်ကျွန်ုပ်တို့ကို နာကျင်စေပြီး၊ အခြားသောသူများကိုလည်း ထိခိုက်နာကျင်စေပါသည်။ သို့သော်အပြစ်နှင့်ပတ်သက်၍ အဆိုးရွားဆုံးကား ဘုရားသခင်၏စိတ်ကို နာကျင်စေခြင်းဖြစ်သည်။ အပြစ်သည် ဘုရား၏စိတ်ကို နာကျင်စေရခြင်းကို သင်သည် သိပါသလား။ အကြောင်းမှာ သူသည် ကျွန်ုပ်တို့ကို အလွန်မှ ချစ်သော ကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်နေသည့်တိုင်၊ အပြစ်နှင့်ပတ်သက်လာလျှင်၊ အပြစ်ကို လျှစ်လျူပြုခြင်းနှင့် မမြင် ချင်ဟန် ဆောင်ပြုမူခြင်းကို ပြုလုပ်၍ မရနိုင်ပါ။ သူသည် အပြစ်ကို ဒါဏ်ပေးရပေမည်။ အပြစ်အတွက် တိကျသောအပြစ်ဒါဏ်ရှိကြောင်းကို ကျမ်းစာက ပြောပါသည်။ ''အပြစ်တရား၏အခကားသေခြင်းပေတည်း''။ အဓိပ္ပါယ်မှာ ဘုရားသခင်နှင့် အဆက်ပြတ်ခြင်းနှင့် ပျက်စီး ခြင်း (ငရဲမီးအိုင်)တွင်ထာဝရနေရခြင်း ဖြစ်သည်။ အလွန်မှပင် ကြောက်ဘွယ်ကောင်းပါသည်။ ဤကား အမှန်တရား ဖြစ်သည်။ ဤနေရာ၌ ခဏရပ်၍ အရေးကြီးသော မေးခွန်းများကို စဉ်းစားကြမည်။ +သင်သည် အပြစ်ကို ပြုလုပ်ပါသလား။ ပြုလုပ်သည်၊ မပြုလုပ်ပါ။ သင်ဖြေပါ။ +သင်၏အပြစ်သည် သင်၌စိတ်ထဲမှာ အနှောင့်အရှက် ဖြစ်စေပါသလား။ ဖြစ်သည်၊ မဖြစ်ပါ။ သင်ဖြေပါ။ သင်၏ဒုစရိုက်အပြစ်များသည် သင်၌စိတ်အနှောင့်အရှက် ဖြစ်စေခဲ့လျှင် မှတ်မိသတိရရန်မှာ ဘုရားသခင်သည် သင့်ကို ချစ် လျက် စကားပြောနေပါသည်။ သင်သည်နောက်မကျခင် သင်၏အပြစ်များမှ နောက်သို့လှည့်ရန် ဘုရားသခင် အလိုရှိပါသည်။ ကျမ်းစာ က''ဘုရားသခင်သည် မိုက်မဲသောအချိန်ကာလကိုအမှုမထားဘူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကိုမြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသောအရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏''ဟုဆို၏။(တ၊၁၇း၃ဝ) နောင်တရခြင်းကား အဘယ်နည်း။ နောင်တရခြင်းသည်''နောက်သို့လှည့်ခြင်း''ဖြစ်သည်။ ကျွန်ုပ်တို့သည် နောက်သို့ လှည့် ရန်လိုအပ်ခြင်းကား ကျွန်ုပ်တို့သည် မှားသောလမ်းပေါ်၌ ရှိနေသောကြောင့် ဖြစ်သည်။ ဘုရား၏လမ်းအတိုင်း မသွားကြပါ။ ယင်းအစား ကျွန်ုပ်တို့သည် မိမိ၏စိတ်ကြိုက်လမ်းပေါ်၌သာ သွားနေကြပါသည်။ ကျမ်းစာက''ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွှဲလျက်၊ ကိုယ် လမ်းသို့ အသီးအသီးလိုက်သွားကြသည်ဖြစ်၍...''ဟုဆိုသည်။(ဟေရှာ၊၅၃း၆) မိမိလမ်း၌ မိမိသွားနေသောကြောင့် ထိုလမ်းမှနောက်လှည့်ရပေမည်။ ကယ်တင်ခြင်းသို့ရောက်ရန် သင်သည် အလိုရှိသော် သခင်ယေရှုက''သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်၊ ငါဆိုသည်ဟုမိန့်တော်မူ၏''ဟုဆို သည်။ (လု၊ ၁၃း၅) ၁ နောင်တရခြင်းသည် သင်၏အပြစ်များအတွက် မျက်ရည်များစွာကျခြင်း သက်သက်မျှသာ မဟုတ်ပါ။ လူများစွာ တို့သည် ဘုရားသခင်ထံသို့ မျက်ရည်ကျလျက် ငိုကြွေး ကြပါသည်။ သို့သော်ငြားလည်း နောင်တရခြင်း မရှိကြပါ။ နောင်တသည် အပြစ်အတွက် ဝမ်းနည်းခြင်း သက်သက်လည်း မဟုတ်ပါ။ လူတယောက်သည် မိမိ၏ အပြစ်အတွက် ထောင်ထဲ၌ ဒုက္ခရောက်စဉ် ဝမ်းနည်းခြင်းကို ဖြစ်စေနိုင်သည်။ သို့သော်လည်းထောင်မှလွှတ်ပါက မူလနေရာဟောင်းသို့ ပြန်သွား တတ်ပါသည်။ သူသည် နောင်တရခြင်း မရှိပါ။ နောင်တသည် ကြောက်ရွံ့စိုးရိမ်ခြင်း မဟုတ်ပါ။ တချိန်ချိန်၌ ကြီးစွာသောဘေးအန္တရယ်နှင့် ရင်ဆိုင်ရစဉ် ဆဲခြင်းဆိုခြင်းကို အစဉ် အကျင့်ဖြစ်နေသော လူများပင်လျှင် တိတ်ဆိတ်စွာနေလျက် ဘုရားသခင်ထံမှ သနားကရုဏာကို ခံစားရရှိရန် ငိြုေ<ွကးအော်ဟစ် တတ် ကြပါသည်။ အန္တရယ်မှ လွန်မြောက်သွားသောအခါ သူတို့၏နဂိုလ်မူလ အပြစ်များဆီသို့ ပြန်သွား တတ်ကြပါသည်။ သူတို့ နောင်တ ရခြင်းမရှိပါ။ နောင်တရခြင်းသည်ကား အဘယ်နည်း။ နောင်တသည် နောက်သို့ လှည့်ခြင်း ဖြစ်သည်။ သင်က ''ငါသည်မှားသောလမ်း ပေါ်၌ လျောက်လှမ်းနေကြောင်းကို သိမြင်လာပြီ၊ ဘုရားသခင်၏မစခြင်းဖြင့် အပြစ်လမ်းမှကျောခိုင်း၍ ဘုရားထံသို့ နောက်ပြန် လှည့်ရ ပေလိမ့်မည်''ဟုပြောဆိုခြင်း ဖြစ်သည်။ ဤကား နောင်တရခြင်း ဖြစ်သည်။ နောင်တသည် တခဏအတွင်းဖြစ်ပေါ် ခံစားလာနိုင်ပါ သည်။ ထိုနောင်တသည် ဘုရားသခင်၏နှလုံးသားကို ဝမ်းမြောက်စေပါသည်။ ယခုအချိန်၌ ဘုရားက သင်၏စိတ်တွင် စကားပြောကောင်း ပြောပေလိမ့်မည်။ သင်သည် မှားသောလမ်း၌ လျောက်နေ ကြောင်း ကို သိမြင်လာခဲ့သော် နောက်သို့ ပြန်လှည့်ပါ။ ဘုရားသခင်ထံပြောပါ။ ''ဘုရားသခင် ကျွန်ုပ်သည် အပြစ်လမ်း၌ မလျောက် လှမ်း လိုတော့ပါ။ ကိုယ်တော်ကို ဆန့်ကျင်ပုန်ကန်ခြင်း အမှုကိုလည်း မပြုလုပ်လိုတော့ပါ''ဟုပြောပါ။ ကျွန်ုပ်တို့သည် သခင်ယေရှုအပေါ် ယုံကြည်ခြင်းကို ထားရှိရမည်။ နောင်တနှင့်ယုံကြည်ခြင်းသည် အတူယှဉ်တွဲလျက် ရှိသည်။ ကျွန်ုပ်တို့၏အပြစ်များအတွက် နောင်တရ ရမည်။ သခင်ယေရှု ခရစ်၌ ယုံကြည်ခြင်း ရှိရမည်။ သူကိုယုံကြည်ပြီး ကယ်တင်ရှင်အဖြစ် လက်ခံရမည်။ သူသည်ကျွန်ုပ်တို့ကို ကယ်တင်သော တစ်ဦး တည်းသောသူ ဖြစ်တော်မူသည်။ ကယ်တင်ခြင်းသို့ ရောက်ခြင်းသည် အဘယ်အရာကို ဆိုလိုပါသနည်း။ အဓိပ္ပါယ်မှာ သင်၏ အပြစ်များအားလုံးကို ခွင့်လွှတ်ခြင်းနှင့်ဘုရား၏သား ဖြစ်လာခြင်း ဖြစ်သည်။ သင်သည်ဘုရားသခင် ၏အပြစ်ဒါဏ်စီရင်ခြင်းမှ ကယ်တင်ခြင်းကို ခံရပြီးဖြစ်သည်။မည်သူမဆို ကယ်တင်ခြင်းသို့ ရောက်နိုင်ပါသလား။ သူတို့ ရောက်နိုင်ပါသည်။ ယေရှုက''ငါ့ထံသို့လာသောသူကို ငါသည် အလျှင်းမပယ်''ဟုဆိုသည်။ သခင်ယေရှုထံ မည်သူမဆို၊ သူ့ကိုကယ်တင်ရှင်အဖြစ် ယုံကြည်သောသူတိုင်း ကယ်တင်ခြင်သို့ ရောက်ရသည်။ ကျွန်ုပ်တို့သည် ကောင်းမှုကုသိုလ်ပြုခြင်းဖြင့် ကယ်တင်ခြင်းသို့ ရောက်နိုင်ပါသလား။ မရောက်နိုင်ပါ။ ကျမ်းစာက လူသည် မိမိ၏ကောင်းမှုကုသိုလ်ဖြင့် မည်သူမျှ ကယ်တင်ခြင်းသို့ မရောက်နိုင်ပါ။ ကျွန်ုပ်တို့အားလုံးသည် မှားသောအရာများကို ပြောဆိုခြင်း၊ ပြုလုပ်ခြင်းများ ရှိကြပါသည်။ ကျွန်ုပ်တို့အားလုံး အပြစ်ပြုကြပါသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို မကယ်တင်နိုင်သောကြောင့် ကယ်တင်ရှင်တစ်ဦးကို လိုအပ်ပါသည်။ ဘုရားသခင်က ကယ်တင် ရှင်ဖြစ်သော ယေရှုခရစ်ကို ကျွန်ုပ်တို့အား ပေးခဲ့သည်။ ကျမ်းစာက''ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက် ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည့် တိုင်အောင် လောကီသားအပေါင်းတို့ကို ချစ်တော်မူ၏''ဟုဆို၏။(ယော၊၃း၁၆) ဘုရားသခင်က''လောကီသားအပေါင်းတို့''ဟုဆိုခြင်းသည်၊ ဤကမ္ဘာမြေပေါ်ရှိ လူသားအားလုံးကို ဆိုခြင်း ဖြစ်သည်။ သင်နှင့်ကျွန်ုပ်လည်း ပါဝင်သည်။''သူအပေါင်းတို့''သည် လူတိုင်းကို ပြောခြင်းဖြစ်သည်။ သင်၏နာမည်ကို ကျမ်းပိုဒ်တွင် ထည့်သွင်းရေးနိုင်ပါသည်။ ယခုရေးသွင်းခြင်းကို ပြုလုပ်ပါ။ ''ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူ-------သည်ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါ၊ ဘုရား သခင်သည်မိမိ၌တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင်--------ကိုချစ်တော်မူ၏''ဟုဆို၏။(ယော၊၃း၁၆) အထက်ပါ ကျမ်းပိုဒ်ရှိ ကွက်လပ်တွင် သင်၏နာမည်ကို ဖြည့်စွက်ပြီး တဖန် ပြန်ဆိုပါ။ ကျွန်ုပ်၌ ဘုရားသခင်၏လက်ဆောင်ကား အဘယ်အရာနည်း။ ကျွန်ုပ်၌ သူ၏လက်ဆောင်ကား သူ၏တပါးတည်းသော သား တော်ပင် ဖြစ်သည်။ ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်သော သူ၏ သားတော်ယေရှုခရစ်ကို ပေးပါသည်။ အဓိပ္ပါယ်မှာ ကျွန်ုပ်တို့၏အပြစ် များအတွက် လက်ဝါးကပ်တိုင်၌ အသေခံရန် သခင်ယေရှုကို ပေးခြင်းဖြစ်သည်။ ကျမ်းစာက''ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော် သည် ငါ တို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှား စွာပြတော်မူ၏''ဟုဆို၏။(ရော၊၅း၈) အပြစ်သားများအတွက် သခင်ယေရှု အသေခံခဲ့သည်။ သင်နှင့်ကျွန်ုပ်အတွက် သူအသေခံခဲ့သည်။ ကျွန်ုပ်တို့အရောက်စီ တိုင်း ပြောနိုင်သည်မှာ ''ကျွန်ုပ်အတွက် ခရစ်တော်အသေခံ၏။ ကျွန်ုပ်၏ အပြစ်များအတွက် သူ၏အဖိုးထိုက်သောအသွေး ကိုသွန်းခဲ့ သည်။'' သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်လက်ခံခဲ့ချိန်မှစ၍ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဖြောင့်မတ်ခြင်းနှင့်အညီ အပြစ်များကို ခွင့်လွှတ်နိုင်ခဲ့သည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသေခံခဲ့ခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များကို လျှစ်လျူပြုခြင်းနှင့် မမြင်လေဟန်ဆောင် ပြုခြင်းကို မပြုလုပ်ခဲ့ပါ။ ကျွန်ုပ်တို့၏အပြစ်များအတွက် သွန်းတော်မူသော သူ၏ သားတော်၏အသွေးကို မြင်တော်မူခြင်းကြောင့် အပြစ်ခွင့်လွှတ်ခဲ့ခြင်း ဖြစ်သည်။ ခရစ်တော်သည် ကျွန်ုပ်၏အပြစ်များအတွက် အသေခံခြင်းသာမက တဖန်သေခြင်းမှ ထမြောက်ခဲ့၏။ သူသည် အသက်ရှင် သော ကယ်တင်ရှင်ဖြစ်သည်။ သူသည်ကောင်းကင်ဘုံ၌၄င်း မြေကြီးပေါ်၌၄င်း တန်ခိုးရှိသမျှကိုခံရပြီးဖြစ်သည်။ သူသည် သင်၏ အပြစ်များ ကိုခွင့်လွှတ်ခြင်းနှင့် သားဖြစ်ခြင်း အခွင့်ကို ပြုလုပ်ပေးနိုင်သည်။ နောက်ကျမ်းပိုဒ်တခုက မည်ကဲ့သို့ ဘုရား၏သားဖြစ်နိုင်ကြောင်းကို ပြောပါသည်။ ကျမ်းစာက''ထိုသူ(ခရစ်)ကို လက်ခံ သမျှ သောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏''ဟုဆိုသည်။ (ယော၊၁း၁၂) ဘုရားသခင်၏သားဖြစ်ရန် သင်သည် အပြစ်သားတယောက်အနေဖြင့် သခင်ယေရှုထံသို့ လာရမည်။ သင်၏ ကယ်တင်ရှင် အဖြစ် သူ့ကို လက်ခံရမည်။ သူသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းနှင့် သင့်အပြစ်အတွက် သူသည်အသေခံရခြင်းကို အမှန် ယုံကြည်ကြောင်းကို ဆိုလိုသည်။ သခင်ယေရှုကို သင်၏ ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ချိန်မှစ၍ ဘုရားသခင်သည် သင်၏အပြစ်များ အားလုံးကိုခွင့်လွှတ်ခဲ့ ပြီ ဖြစ်သည်။ ခရစ်တော်သည် သင်၌ အသက်ရှင်ရန် ဝင်ရောက်လာပြီးဖြစ်သည်။ သင်သည် ထာဝရအသက်ကို ရပြီ။ သို့သော် သင်သည် ယခုပင် ချက်ခြင်း ပြည့်စုံခြင်းသို့ ရောက်ရပြီဟု မဆိုလိုပါ။ သင်၌ ပြသနာများက ရှိနေ လိမ့်ဦးမည်။ သို့သော် ခရစ်တော် သည် သင်၌ အသက်ရှင်နေသောကြောင့် သင်၏ပြသနာနှင့် အခက်အခဲများကို အေင်မြင်ရန် သူ မစပေလိမ့်မည်။ သင်သည် ယခုပင် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံ နိုင်ပါသည်။ ဘုရား၏နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်သည် အပြစ်သားဖြစ်ခြင်း၊ ဘုရားသခင်က ကျွန်ုပ်ကိုချစ်ခြင်း၊ ကျွန်ုပ်၏အပြစ်များအတွက် ခရစ်တော်အသေခံခြင်းနှင့် သူ့ကို ကျွန်ုပ်၏ကယ်တင်ရှင်အဖြစ် လက်ခံခြင်းဖြင့်သာ ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို သိနားလည်ရပြီး ဖြစ်သည်။ ယခုသင်သည် သင့်ရွေးချယ်မှုကို ပြုလုပ်ရပေမည်။ သင်သည် ရွေးချယ်ရမည်မှာ သင်၏အပြစ်များမှ နောက်လှည့်ပြီ၊ ခရစ်တော်ကို သင်၏ကယ်တင်ရှင်အဖြစ် ရွေးမည်လား။ သို့မဟုတ် သင်သည် ပျက်စီးခြင်းသို့ ပို့ဆောင်နေသော လမ်းကျယ်အပေါ် ဆက်လက်သွားနေခြင်းကို ရွေးမည်လား။ သင် ဘယ်အရာကို ရွေးမည်နည်း။ သင်သည် ဘုရားသခင်၏ချစ်ခြင်းကို ငြင်းပယ်လိမ့်မည် မဟုတ်။ ဟုတ်ပါသလား။ ယခုပင် ခရစ်တော်ယေရှုကို သင်၏ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းဖြင့် လက်ခံနိုင်ပါသည်။ သင်နှင့် ဘုရားသခင်တို့၏ နှစ်ဦးကြား ဖြစ်သောကြောင့် ဖြစ်နိုင်ပါက အချိန်မိနစ်အနည်းငယ်ယူ၍ သင်တစ်ဦးတည်း ရှိနိုင်သော၊တိတ်ဆိတ်သော နေရာကိုရနိုင်ပါက အကောင်းဆုံး ဖြစ်သည်။ ထိုကြောင့် ရှေ့လာမည့်အကြောင်းအရာများကို ရှေ့ဆက် မဖတ်ခင် သခင်ယေရှုနှင့်အတူ သင်တစ်ဦးတည်းရှိနိုင်မည့် တိတ်ဆိပ်သော နေရာကို ရှာဖွေပါ။ ယခုသင်သည် သခင်ယေရှုထံ စကားပြောရန် အဆင်သင့် ဖြစ်နေပေပြီ။ သင့်ကိုယ်ပိုင် စကားများဖြင့် သူ့ထံသို့ပြောပါ။ သင်သည် မှားသောလမ်းပေါ် လျှောက်နေခြင်းကို ကြောင်းကို ပြောပြပါ။ သင်၏အပြစ်များအတွက် အမှန်တကယ်ပင် ဝမ်းနည်းခဲ့ရ ကြောင်းကို ပြောပါ။ သင့်ကို သူချစ်ကြောင်းနှင့် သင်၏အပြစ်များအတွက် လက်ဝါးကပ်တိုင်အပေါ်သူသည် အသေခံခဲ့ခြင်းကို ကျေးဇူးတင် ကြောင်းကို ပြောပါ။ သင်၏စိတ်နှလုံးတွင်းသို့ သင်၏ကယ်တင်ရှင်အဖြစ် ဝင်ရောက်လာရန် သူ့အား တောင်းလျှောက်ပါ။ သင်သည် သခင်ယေရှုကို သင်၏အပြစ်များအတွက် အသေခံခြင်းနှင့် သူ့ကို သင်၏ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ချိန်မှစ၍ သင်၌ထာဝရအသက်ကို ရရှိပြီး ဖြစ်သည်။ ကျမ်းစာက''...သားတော်ကို ရသောသူသည် အသက်ကိုရ၏''ဟုဆို၏။(၁ယော၊၅း၁၁) ဘုရားသခင်၏သားဖြစ်ရခြင်းသည် ဤကမ္ကာကြီး၌ အံ့သြဘွယ်ရာ အကောင်းဆုံး ဖြစ်သည်။ သို့သော် ဤလောက၌ ကျွန်ုပ်တို့နေစဉ် အမြဲတမ်း လွယ်ကူအေးဆေးစွာ နေရလိမ့်မည်တော့ မဟုတ်ပါ။ သခင်ယေရှုက သူ၏နှုတ်ကပတ်တော်၌ ပြောထားသည်မှာ ကျွန်ုပ်တို့သည် ဤလောက၌ရှိနေစဉ် ပြသနာများ၊ အခက်အခဲများကို ရင်ဆိုင် ရပေလိမ့်မည်။ သခင်ခရစ်တော်သည် ကျွန်ုပ်တို့၏ စိတ် ထဲတွင် ရှိနေခဲ့လျှင် ကြောက်စရာ မလိုအပ်ပါ။ သူပြောခဲ့သည်မှာ''...ငါသည် သင့်ကို မစွန့်၊ အလျင်းပြစ်၍ မထားဟု ကတိတော် ရှိ၏''ဟု ဆို၏။(ဟေ Hebrew ၊၁၃း၅ခ) သင်သည် သခင်ယေရှုကို သင်၏ကယ်တင်ရှင်အဖြစ် လက်ခံလိုသော် ဤသင်ခန်းစာက သင့်အား ကူညီနိုင် ကြောင်းကို သင် သိရန် ကျွန်ုပ် အလိုရှိပါသည်။ သင်သည် ကယ်တင်ခြင်းသို့ ရောက်ကြောင်းကို စိတ်ချမှု မရှိခဲ့သော် ဤသင်ခန်းစာကို ထပ်ခါ ထပ်ခါ ဖတ်ပါ။ နောက်ဆုံး၌ သင်သည် စိတ်ချမှု ရှိလာသည်တိုင်အောင် ဖြစ်သည်။ ထာဝရဘုရားသည် သင်၌ ရှင်းလင်းစွာ နားလည် လာသည့်တိုင်အောင် ပြုလုပ်ပေးရန် တောင်းခံပါ။ မေးခွန်းများ။ အဖြေမှန်ကို ရွေးပါ။ မေးခွန်းတခုအတွက် ( က သို့ ခ ) ဖြစ်ပါသည်။ ၁။ ယေရှုသည် (က) ဘုရားသခင်ထံသို့ ရောက်ရန် လမ်းများအနက် လမ်းတလမ်း ဖြစ်သည်။ (ခ)ဘုရားသခင်ထံသို့ ရောက်ရန် တခုတည်းသော လမ်း ဖြစ်သည်။ ၂။ ကောင်းကင်ဘုံသို့ ပို့ဆောင်သော လမ်းကျဉ်းထဲသို့ ၀င်ရန် ကျွန်ုပ်တို့သည် (က) ဘာသာရေးကိုင်းရှိုင်းသူ ဖြစ်လာရမည်။ (ခ) နောင်တနှင့် ယေရှုကို ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ်လက်ခံရမည်။ ၃။ နောင်တ ဆိုသည်မှာ (က) ဒုစရိုက်အပြစ်များအတွက် အမှန်တကယ် ၀မ်းနည်းခြင်းနှင့် ထိုအရာများမှ နောက်လှည့်ခြင်း ဖြစ်သည်။ (ခ) အပြစ်၌ ကျရောက်ခြင်းကြောင့် ၀မ်းနည်းခြင်း ဖြစ်သည်။ ၄။ ဘုရား၏သားဖြစ်လာရန် ပဌမ အဆင့်ကား (က) ကျွန်ုပ်၌ ဘုရားပြောသောအရာကို လက်ခံရမည်။ (ခ) အပြစ်ပြုခြင်းကို ရပ်တန့်ရမည်။ ၅။ ယောဟန် ၃း၁၆ ၌ ဘုရားကပြောသော “လောကီသား” သည် သူ ဆိုလိုသည်မှာ (က) ကမ္ဘာရှိ လူများ အားလုံး ဖြစ်သည်။ (ခ) အနည်းငယ်သော အထူး လူတစုသာ ဖြစ်သည်။ ၆။ ဘုရားကပြောသော “ကြားရသောသူတိုင်း” သည် သူ ဆိုလိုသည်မှာ (က) ပကတိအတိုင်း ကောင်းသောလူများ ဖြစ်သည်။ (ခ) လူအယောက်တိုင်း ဖြစ်သည်။ ၇။ ဘုရား၏သားဖြစ်လာရန် ကျွန်ုပ် ပြုလုပ်ရမည်မှာ (က) အပြစ်သားတယောက်အဖြစ် သခင်ယေရှုထံလာပြီး သူ့ကို ကျွန်ုပ်၏ကယ်တင်ရှင်အဖြစ် လက်ခံရမည်။ (ခ) သာ၍ ကောင်းလာသော လူ ဖြစ်ရန် ကြိုးစားရမည်။ ၈။ ကျွန်ုပ် ကယ်တင်ခြင်းသို့ ရောက်ရ၏။ (က) ဘုရားအတွက် လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်။ (ခ) ဘုရားက သူ၏သားတော်အားဖြင့် လုပ်ဆောင် ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ ၉။ ကျွန်ုပ် ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံခဲ့သဖြင့်၊ ကယ်တင်ခြင်းရပြီး ဖြစ်ကြောင်း သိနိုင်ရခြင်း အကြောင်းမှာ (က) အံ့ဘွယ်ကောင်းသော စိတ်ခံစားရမှု ရရှိခြင်းကြောင့် ဖြစ်သည်။ (ခ) ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသောကြောင့် ဖြစ်သည်။ ၁၀။ ခရစ်ယာန်အသက်တာသည် (က) ဤလောက၌ ခက်ခဲခြင်း မရှိသော အသက်တာ ဖြစ်သည်။ Cope right by အန်ဒရူး

No comments :
Post a Comment