လမ်းနှစ်သွယ်
သင်သည် ဤလောကထဲမှ တစ်နေ့ပျောက်ကွယ်သွားရမည်ကို သတိပြုမိပါသလား။
“သေတစ်နေ့၊မွေးတစ်နေ့” ဟု ထင်ကောင်းထင်ပေလိမ့်မည်။ မှန်ပါသည်“သေတစ်နေ့၊မွေးတစ်နေ့”ဖြစ်၍ကြောက်စရာကောင်းပါသည်။လူသည်တစ်ခါတည်းသေ၍
အပြစ်စီရင်ခြင်းခံရပေဦးမည်(ဟေဗြဲ၊၉း၂၇)။ အဆွေ၏အပုပ်ကောင်သည်။သင်္ချိုင်းကုန်းတွင်လမ်းဆုံသော်လည်း၊
ဝိညာဉ်အပြစ်စီရင်ခြင်းကိုခံရဦးမည်။ သေပြီးဘာဖြစ်ဖြစ်ဟုအဆွေထင်ကောင်းထင်ပေလိမ့်မည်။
အဆွေ၏၀ိညာဉ်သည်မည်မျှတန်ဖိုးရှိသည်ကိုသိပါသလား။ “လူသည်စကြာဝဠာကိုအကြွမ်းမဲ့အစိုးရ၍အသက်ဝိညာဉ်ဆုံးရှုံးလျှင်
အဘယ်အကျိုးရှိမည်နည်း။အသက်ဝိညာဉ်ကိုအဘယ်ဥစ္စာနှင့်ရွေးနိုင်မည်နည်း။” စကြာဝဠာနှင့်တန်းဖိုးမဖြစ်နိုင်အောင်
တန်းဖိုးရှိသော အဆွေ၏၀ိညာဉ်ကယ်တင်ခြင်းရရန် ဤစာစောင်ကိုမေတ္တာနှင့်ရေးသားရခြင်းဖြစ်ပါသည်။
တစ်ခါက လူနှစ်ယောက်တို့သည်ဆေးရုံသို့ဆေးစစ်ရန်သွားကြ၏။
စမ်းသပ်သောအခါအပြင်လက္ခဏာ၌ရောဂါမတွေ့ပါ။ ထိုနောက်၎င်းတို့အားဓါတ်မှန်ရိုက်၍ထပ်မံစစ်ဆေး၏။
ဓါတ်မှန်သည် အဆုတ်၊နှလုံး၊ အသဲ၊ကျောက်ကပ်စသော မျက်စိဖြင့် မမြင်နိုင်သည့် လူ၏အတွင်းပိုင်းကိုစစ်ဆေးပေး၏။
ဓါတ်မှန်စက်က ထိုသူနှစ်၏အသက်ကိုအန္တရယ်ဖြစ်စေသော ရောဂါဆိုးရှိကြောင်းဖေါ်ပြသောအခါ ထိုသူနှစိဦးမှာ
အထူးတုန်လှုပ်ခြောက်ခြားသွား၏။
ပထမလူသည် သူ၌ထိုရောဂါများရှိကြောင်း သိသောအခါတုန်လှုပ်ခြောက်
ခြားသည်နှင့်စဉ်းစားဆင်ခြင်မှုမရှိ။ ဓါတ်မှန်စက်ကြီးအား သူ၏ရောဂါဆိုးကြီးကို ကုသရန်
မျက်ရည်စက်လက်နှင့် အသနားခံတောင်းပန်၏။ ဓါတ်မှန်စက်သည် ရောဂါရှိကြောင်းကိုသာ ဖော်ပြ၍
ရောဂါပျောက်ကင်းရန် ကုသမှုမပေးနိုင်ပါ။ ထိုရောဂါကိုကုသနိုင်သော သမားတော်(ဆရာဝန်)ထံသွားရောက်ကုသမှုခံယူမှသာရောဂါပျောက်မည်ဖြစ်သည်။
ဤကဲ့သို့ စဉ်စားဆင်မှုမရှိသော ထိုသူသည် နေ့စဉ်ဓါတ်မှန်ကြီးအား ရောဂါဆိုးကြီးကို ကုသပေးရန်
တဖွတဖွတောင်းပန်နေပါက ထိုသူ၏ လမ်းဆုံးသည် ရောဂါကျွမ်း၍သေခြင်းဖြစ်ပေလိမ့်မည်။
ဒုတိယလူသည်သူ၏ရောဂါရှိကြောင်းသိသောအခါ၊ ထိတ်လန့်တုန်လှုပ်သွားသော်လည်း
ခေတ္တမျှစဉ်းစားဆင်ခြင်၏။ ဓါတ်မှန်စက်သည် ငါ၌ရောဂါရှိကြောင်းကိုသာဖော်ပြ၍ ရောဂါကိုကုသခြင်းငှါမစွမ်းနိုင်။
ထို့ကြောင့်ရောဂါကိုကုသပေးနိုင်သော သမားတော်ထံသွား၍ ကုသမှုကိုခံယူမှသာ အသက်ချမ်းသာမှုရမည်ဟု
ဆုံးဖြတ်ပြီး ယုံကြည်အားကိုးစွာဖြင့်သမားတော်ထံသွားရောက် ခဲ့ပါသည်။ ထိုသူသည် ရောဂါမှလွတ်၍
အသက်ချမ်းသာခြင်းကို ဧကန်အမှန်ရရှိပေလိမ့်မည်။
ဤအဖြစ်အပျက်၌ စာရှုသူအဆွေသည် ပထမလူအား အလွန်မိုက်သောသူ၊
စဉ်းစာဥာဏ်မရှိသူဟု အပြစ်တင်ကောင်းတင်လိမ့်မည်။ အပြစ်တင်မစောလေနှင့်အဆွေ။ သင်သည်လည်း
ထိုအခြေအနေတွင်ရှိနေကြောင်းတွေးတောမိပါသလား။
ဘာသာတရား၌ အလွန်သန့်ရှင်းဖြောက်မတ်၍ ဓါတ်မှန်စက်ကဲ့သို့
မျက်စိဖြင့်မမြင်နိုင်သော အပြစ်များကိုဖော်ပြသည့် ပညတ်တော်များရှိကြောင်း သတိပြုမိပါသလား။
ထိုပညတ်တရား ၃ခုဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်စစ်ဆေးကြည့်ရအောင်။ “ သူတပါးဥစ္စာကိုတပ်မက်ခြင်း
သူ့ဥစ္စာခိုးခြင်းဖြစ်သည်။ လူတစ်ဦးကိုတစ်ဦးထောက်မတန်အမျက်ထွက်ခြင်းသည် လူ့အသက်သတ်ခြင်းဖြစ်၏။
သူတစ်ပါးမိန်းမအား လိုချင်တပ်မက်သောစိတ်နှင့်ကြည့်ခြင်းသည် ထိုမိန်းမကိုပြစ်မှားခြင်းဖြစ်၏(မဿဲ၊၅:၂၁-၂၉)။
ဤပညတ်တရားအရအဆွေသည် သူတပါးဥစ္စာပစ္စည်းကို
တစ်ခါမျှတပ်မက်ခြင်းမရှိပါ။ ဒေါသအမျက်မထွက်ပါ။ လိုချင်တပ်မက်သောစိတ်နှင့် မည်သည့်မိန်းမကိုမှမကြည့်ပါဟု
ဆွေပြောရဲမည်လား။ မွေးဖွားသည့်မှ အသက်ရှင်သည့် ယခုအချိန်အထိ ထိုပညတ်တရားအရ အဆွေ၏အပြစ်များကိုရေတွက်ခြင်းငှါပင်စွမ်းနိုင်မထင်။ထိုအပြစ်များကြောင့်
သံသရာ၌ ဆွေ၏လမ်းဆုံးသည်ငရဲပင်မဟုတ်ပါလော။ ဘာသာတရားကအပြစ်ရှိသူတိုင်း ငရဲသွားရမည်ဟုဖော်ပြထားပါသည်။ဘာသာတရားကိုမွန်မြတ်သန့်ရှင်သော
ပညတ်တရားတော်များက ဓါတ်မှန်စက်ကဲ့သို့ အဆွေ၌အပြစ်ရှိကြောင်း ဖော်ပြနေပြီး၊ အပြစ်သားမှန်းသိသောအဆွေ
မည်ကဲ့သို့ဆက်လုပ်မည်နည်း။ ပထမလူမိုက်ကဲ့သိုလော။ သို့မဟုတ် ဒုတိယလူကဲ့သိုလော။ ဒုတိယလူသည်
သူ၏ရောဂါကိုကုသပေးနိုင်သောသမားတော်ကိုသိ၏။ အဆွေ သင်သည်အပြစ်မှကယ်တင်နိုင်သော ဘုရားရှင်ကိုသိပြီလား။
လူသားအပေါင်းတို့အားအပြစ်မှကယ်တင်နိုင်သော
တစ်ဆူတည်းသော ဘုရားသခင်သည် “ ယေရှုခရစ်တော်”
ဖြစ်ပါသည်။ ထိုအရှင်က “ အပြစ်ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။
ငါ့ထံသို့လာသောသူကို ငါသည်အလျှင်းမပယ်။ သင်တို့အပြစ်သည် ကတ္တီပါနှင့်အမျှနီသော်လည်း၊
မိုးပွင့်ကဲ့သို့ဖြူစင်စေမည်” ဟု စာရှုသူအဆွေအပါအ၀င် အပြစ်သားတိုင်းကိုဖိတ်ခေါ်ပါသည်။
ကျွန်ုပ်တို့၏ အကျင့်အားဖြင့်လည်းကောင်း၊ ဖောက်ပြန်ဖျက်ဆီးတက်သော ရွှေငွေးများဖြင်းလည်းကောင်း ကျွန်ုပ်တို့၏ တန်းဖိုးရှိသော အသက်ဝိညာဉ်ကိုမရွေးနိုင်ပါ။
ပညတ်တရားတွင် အသက်အတွက် အသက်ပေးရသကဲ့သို့ ယေရှုခရစ်တော်သည် ဘုရားဘုန်းစည်းစိမ်ကိုစွန့်ကာ
လူ့လောကထဲသို့ကြွဆင်းလာပြီး၊ လူသားပေါင်းတို့၏ အသက်ဝိညာဉ်အတွက် သူ၏အသက်ကိုစွန့်ကာ လက်ဝါကားတိုင်ပေါ်၌
အသေခံခဲ့ပါသည်။ ထို့အပြင် ၃ရက်မြောက်သောနေ့၌ မည်သည့်ဘုရားမှ မအောင်နိုင်သော သေခြင်းကိုအောင်ခြင်းအားဖြင့်
သေဘေးကိုကြောက်၍ တစ်သက်လုံးအပြစ်နွံ၌ ကျွန်ခံနေရသော လူသားပေါင်းတို့ကို ကယ်တင်နိုင်သောဘုရားသခင်အဖြစ်
ရှင်ပြန်ထမြောက်ခဲ့သည်။ သေခြင်းကိုအောင်မြင်တော်မူ၍ ရှင်ပြန်ထမြောက်တော်မူသော အရှင်ယေရှုခရစ်တော်က
“ အပြစ်ကိုနောင်တရလျက်၊ ငါကိုယုံကြည်သောသူတိုင်းသည် အပြစ်ကြောင့်ပျက်စီးခြင်းသို့မရောက်၊
ထာဝရအသက်သို့ရောက်မည်” ဟု လူသားတိုင်အား ဖိတ်ခေါ်နေပါသည်။
စာရှုသူအဆွေ၊ သင်၏၀ိညာဉ်ကယ်တင်ခြင်းရဖို့ရန်အတွက်
ရွေးစရာ “လမ်းနှစ်သွယ်” သာရှိပေသည်။ ပထမလူမိုက်ကဲ့သို့စဉ်းစားဆင်ခြင်မှုမရှိ။ အပြစ်ကိုသာဖော်ပြပြီး
အပြစ်မှကယ်လွှတ်ခြင်းငှါမတက်နိုင်သော ဘာသာတရားကိုခံယူရုံဖြင့် ငရဲမှလွတ်မည်လော့။
(သို့မဟုတ်)
ဒုတိယလူသည် ရောဂါရှိမှန်းသိသောအခါ ရောဂါရှိကြောင်းပြသသည့်ဓါတ်မှန်စက်ထက်
ရောဂါကိုကသပေးနိုင်သောသမားတော်ထံသို့သွား၍ အသက်ချမ်းသာခွင့်ရသကဲ့သို့အပြစ်သားဖြစ်သော
အဆွေသည် အပြစ်ကိုသာဖော်ပြသောဘာသာတရားထက် အပြစ်ကိုလွှတ်ပိုင်သော ယေရှုခရစ်တော်ကိုသင်၏အပြစ်များအတွက်
နောင်တရပြီး၊ စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုကွယ်ကာ အပြစ်ငရဲမှ
ကယ်တင်ခြင်းကိုရယူမည်လော့။ အဆွေမည်သည့် လမ်းကိုရွေးမည်နည်း။
သခင်ယေရှုခရစ်တော်ကို
သင်၏ကယ်တင်ရှင်အဖြစ်လက်ခံလိုပါက အောက်ပါကဲ့သိုဆုတောင်းရန်အကြံပေးပါရစေ။
“ခရစ်တော်ယေရှုသခင်၊
ကျွန်တော်/ကျွန်မ၏အသက်တာ၌ ယေရှုဘုရာသခင်ကိုလိုအပ်ပါသည်။ ကျွန်တော်/ကျွန်မ၏အပြစ်များအတွက်
လက်ဝါးကားတိုင်၌ အသေခံပေး၍ကျေးဇူးတင်ပါသည်။ ကျွန်တော်/ကျွန်မ၏ စိတ်နှလုံးတံခါးကိုဖွင့်၍
ယေရှုခရစ်တော်အား ကယ်တင်ရှင်နှင့်အသက်သခင်အဖြစ် လက်ခံပါသည်။ ကျွန်တော်/ကျွန်မ၏ စိတ်နှလုံးထဲ၌
အုပ်စိုးတော်မူပါ။ ကျွန်တော်/ကျွန်မ၏ အလိုရှိသည့်တိုင်း ပုံသွင်းပြုပြင်တော်မူပါ။ အာမင်”
ထာဝရဘုရားသခင်ထံတော်ပါးမှ
ငြိမ်သက်ခြင်းဆုကျေးဇူးတော်မင်္ဂလာသည် သင့်ပေါ်၌သက်ရောက်တည်ရှိပါစေသော။
အထက်ပါအချက်အလက်များနှင့်
ကျမ်းပိုဒ်များမှာ ခရစ်ယန်သမာကျမ်းစာမှ ကောက်နှုတ်ချက်များဖြစ်ပါသည်။ သမာကျမ်းစာကို
ဆက်လက်ဖက်ရှုလေ့လာပါရန် တိုက်တွန်းပါသည်။
No comments :
Post a Comment