Friday, March 30, 2012

၆။ ထာဝရဘုရားသည် ကမ္ဘာကိုဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကိုမျှော်ကိုး၍ ဖန်ဆင်းပါသနည်း။ ၇။ ချမ်းသာစေလိုသည်ဟုဆိုပါက ယခုခန္ဓာရှိသူတိုင်းသည် ဆင်းရဲခြင်း အမျိုးမျိုးတွေ့ကြုံနေကြသည်။ ဘုရားသခင်ဖြစ်စေလိုသည့်ချမ်းသာမဖြစ်သည်မှာ အနန္တတန်ခိုးတော် မရှိ၍ ဘာမှအစွမ်းမရှိ၍ ဖြစ်ရသည်ဆိုက ဘယ်လိုပြန်လည်ဖြေပေးနိုင်ပါသနည်း။

ထိုနေရာတွင်မေးရန်မှာ သင်နှင့် ကျွန်ုပ်တို့၏ ဘဝအား အကောင်းအဆိုးကိုတွေး၍ ဘုရားရှင်အား အပြစ်တင်ဝေဖန်ခြင်းထက် ရခဲလှသော လူ့ဘဝကို အကျိုးရှိရှိအသုံးချ အသက်ရှင်သန်ခြင်းကား သာ၍လျှော်ကန် သင့်မြတ်သည်ဟု ဦးစွာ အကြံပေးလိုက်ပါရစေ…. ယနေ့ ကျွန်ုပ်တို့သည် အလိုအလျှောက် ဤလောကသို့ ဝင်ရောက်လာကြသောသူများဖြစ်ပါက။ အဘယ့်ကြောင့် ဟိုမှာဘက်ကမ်းတွင် ရင်ဆိုင်ရဦးမည့်ဘေးအား ကြောက်ရွံ့နေရန်လိုပါသနည်။ ထို့ကြောင့် လူသည် ကမ္ဘာအတွင်းသို့ အလိုလိုဝင်ရောက်လာခြင်း၊ ဖန်ဆင်းရှင်မရှိ သဘာဝမဟုတ်သော သဘာဝ အတိုင်းဖြစ်ပေါ်သည်ဟု ခံယူထားသည့်အတိုင်း ဦးစွာ အပြစ်တင်ခြင်းစကားကို စတင်ဆွေးနွေးကြပါဦးစို့။

 ၁။ သင့်အား လူ့လောကသို့ လူသားတဦးဖြစ်ရန် ကျွေးမွေးပြုစုခဲ့ကြသော မိဘနှစ်ပါးအား အပြစ်တင်ခြင်းသည် ကုသိုလ်တရားလား၊ သို့တည်းမဟုတ် အကုသိုလ် တရားလားဟူ၍ ဦးစွာဖြေကြားပေးပါရန် တောင်းဆိုပါရစေ။ ၂။ မိဘများအား အဘယ့်ကြောင့် ကမြင်းကျောထကာ ကျွန်ုပ်ကို မွေးသနည်းဆိုပါက။ မွေးသမိခင်သည် ဝမ်းမြောက်နိုင်ပါမည်လော။ ၃။ ထိုသို့မေးခြင်းသည် မြန်မာ့ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ဘာသာရေး ရှု့ထောင့်အရသော်လည်းကောင်း၊ လူမှုရေး ရှု့ထောင့်အရသော်လည်းကောင်း သားကောင်းသမီးကောင်း တဦးအနေဖြင့်မေးသင့်သော မေးခွန်းဖြစ်ပါသလား ဆိုသည်ကို စဉ်းစားဆင်ခြင်ခြင်းအားဖြင့် သတိချပ်စေရန်မေးခွန်းမေးချင်ပါသည်။ “ငါ၏ သားသမီးတည်းဟူသော၊ ငါ့နာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေဖို့ ငါဖန်ဆင်းပြုပြင်၍ ဧကန်စင်စစ် လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော” ဟူ၍နှုတ်ကပါတ်တော်၌ မိန့်ြွမတ်တော်မူသည့်အတိုင်း ဘုရားရှင်သည် လူသား အပါအဝင် ဩကာသ လောက၊ သတ္တလောက၊ ထာဝရလောက ဆိုသော လောက သုံးပါးကို ဖန်ဆင်းတော်မူခဲ့ပါသည်။ နှုတ်ကပါတ်တော် အတိုင်းဆိုရပါက ဘုရားရှင်သည် လူသားနှင့် အတူတကွ မိတ်သဟာ ဖွဲ့ကာ ငြိမ်းချမ်းသော ဘဝကို ပိုင်ဆိုင်စေလိုသည့်အတိုင်း ကနဦး လူသားနှစ်ဦးအား ဧဒင် ဥယျာဉ် အရပ်တွင် ထားတော်မူခဲ့လေသည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့မြန်မာ စကားမှာ “ ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပင်ဖြစ်ကြလေ၏ ” ဆိုသောစကားအတိုင်၎င်း။ “အရိယာနွယ်ဝင်”ဟူ၍၄င်း စကားပုံထားရှိခဲ့လေသည်မဟုတ်ပါလား။ ထို့ကြောင့် ဘုရားရှင်သည် လူသားတို့အား ဖန်ဆင်းခြင်းသည် အဓိပ္ပါယ်ရှိပါသည်။ လွတ်လပ်သော အတွေးအခေါ်နှင့် ပေါင်းစပ်ထားသော လူသတဝါတို့နှင့်  ပေါင်းစည်း မိတ်သဟာယ ဖွဲ့လိုသော ဘုရားသခင်ဖြစ်ပါသည်၊ ဘုရားသခင်သည် စက်ရုပ်များ၊ ဥာဏ်မရှိသော ဆင်ခြင်တုံတရား မရှိသော အရာများကဲ့သို့ လူကို မဖန်ဆင်းခဲ့ခြင်းကို ပင်ကျေးဇူးတော် ဂုဏ်တော်ကို အခါခါအောက့်မေ့၍ ဘဝနာ တရားပွားကာ သာ၍ကြည်ညိုကိုးကွယ် ဆည်းကပ်သင့်လှပေသည်။ ကျမ်စာတော်မြတ်တွင်ကြည့်ပါက လူအား သတ္တဝါအားလုံးထက် ထူးကဲစွာ တမူထူးခြား ဖန်ဆင်းတော် မူခဲ့သည်ကို မြင်နိုင်ပါသည။ ဘုရားသခင်အား မယုံကြည် အတ္တဝါဒီ၊ မိစ္ဆာဝါဒီများက ဝေဖန်ရှုတ်ချခြင်း၊ ဖျက်လိုဖျက်ဆီး ကြံဆောင်ခြင်းစသည့် အတွေးအခေါ်များနှင့် လုံးခြာလိုက်နေသော ဤကမ္ဘာလောကကြီးတွင်၊ လူဖြစ်ကျိုးနပ်သော အမွန်မြတ်ဆုံးသော လူသားတဦး၏ လုပ်ငန်းဆောင်တာမှာ “ဘုရားဖက်ခြင်းပင်” ဖြစ်သည်။ ဘုရားမဲ့လူ၊ ဒိဌိဟူတည်း ဆိုသော ဆိုရိုးစကားမှ အသက်ရှင်တော်မူသော “ ဧကောဗုဒ္ဓေါ” အရှင်၏ “ဧကောဓမ္မော” တခုတည်းသော တရားလမ်းကာ၊ မာရ်ငါးပါးကို အောင်မြင်တော်မူသော ယေရှုခရစ်တော် ဘုရားကို အကြွင်းမဲ့ ယုံကြည်လက်ခံခြင်းပင်ဖြစ်သည်။ ထိုသခင်ကို လက်ခံလိုက်ခြင်းသည်။ ယနေ့ပင် လူဖြစ်ကျိုးနပ်သော လူသားစင်စစ်ဖြစ်သွားခြင်းပင်ဖြစ်သည်။ ပခုံးနှစ်ဖက်ကြားမှ ခေါင်းပေါက်သော်ငြားလည်း ဘုရားမသိပါက ထိုသူသည် “အဟိတ် တိရိစ္ဆာန်” နှင့်ထူးမခြားနားပါလေ။ သမ္မာကျမ်းစာတော်မြတ်၌ကား ဘုရားရှင်သည်“မိုးကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် မြေကြီးကိုပြုပြင် ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည် မဟုတ် သတ္တဝါတို့ နေစရာဘို့ ဖန်ဆင်းတော်မူ၏ ” ( ဟေရှာယ ၄၅း၁၈ )။ ထို့ကြောင့် မျောက်မှ ဆင်းသက်လာသော လူသားများမဟုတ်သည့်အတွက် ထိုဘုရားရှင်အား ချီးမွမ်းပါလေ၊ အလိုလိုပေါ်ပေါက်လာ၍ အလိုလို ကယ်သူမဲ့ဖြင့် သံသရာ ဝဲဩဃမှာ အလိုလို အကြောင်းမရှိ၊ သက်သက်မဲ့ လည်ရမည့်သူမဟုတ်သောကြောင့်လည်း ထိုဖန်ဆင်းရှင်အား ကျွန်ုပ်ချီးမွမ်းပါ၏။ ၈။လူသားတို့ ကြုံနေရတဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုးတို့သည် သေချာလေ့လာကြည့်ပါက ခန္ဓရှိသူတိုင်း ဒုက္ခမကင်းကြောင်း သေချာလှပါသည်။ ဒါ့ကြောင့် လူသားတို့ကို ဖန်ဆင်းသောထာဝရ ဘုရားသည် ချမ်းသာပေးပါသလား၊ ဆင်းရဲပေးပါသလားဆိုတာ ဖြေပေးပါ။ ၉။ လူသားတို့ကို မေတ္တဂရုဏာတော်ဖြင့် ဖန်ဆင်းသည်ဟု ဆိုပါက မည်သူတစ်ဦးကမျှ မလိုချင် မတောင့်တ ( အို၊ နာ၊ သေ) ဒုက္ခဆိုးကြီးကိုပါ ဘာ့ကြောင့်ဖန်ဆင်းခဲ့ပါသနည်း။ ထာဝရ ဘုရား၏ မေတ္တာကို ရှင်းပြပါ။ ၁၀။ မွေးခြင်း၊ သေခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်း၊ ကြေကွဲခြင်း စသည့်အရာရာတိုင်းသည် ဘုရားသခင်၏ အလိုတော်အတိုင်းသာ ပြုရမည်ဟုဆိုပါက သူတစ်ပါး၏ စော်ကားခြင်းခံရသော အမျိုးသမီးတစ်ဦး၏ အဖြစ်ဆိုးသည် ဘုရားသခင်၏ အလိုတော်အတိုင်းဟု သဘောသက်ရောက်ဖွယ်ရှိပါသည်။ ဤသို့မှန်ကန်ပါက ဘုရားသခင်၏ ဂရုဏာတော်သည် မည်သို့နည်း။

No comments :

Post a Comment