Friday, May 25, 2012

လက်ဝါးကားတိုင်ကို နအဖစစ်အစိုးရက ဖြိုလှဲ

ခရစ်ယာန် ဘာသာဝင်များ၏ အထွဍ်အမြတ်ထားသည့် လက်ဝါးကားတိုင် နအဖစစ်အစိုးရက ဖြိုလှဲ သောကြာနေ့၊ သြဂုတ်လ 20 ရက် 2010 ခုနှစ် BNI သတင်း - ခိုနူမ်းထုန် သတင်းဌာန ချင်းပြည်နယ်တောင်ပိုင်းဒေသ မင်းတပ်မြို့နယ်တွင် ခရစ်ယာန်ဘာသာဝင်များ၏ အထွဍ်အမြတ်ထားသည့် လက်ဝါးကားတိုင် တခုကို ဒေသအာဏာပိုင်များက ဖြိုလှဲ.... ချင်းပြည်နယ်တောင်ပိုင်းဒေသ မင်းတပ်မြို့နယ်တွင် ခရစ်ယာန်ဘာသာဝင်များ၏ အထွဍ်အမြတ်ထားသည့် လက်ဝါးကားတိုင် တခုကို ဒေသအာဏာပိုင်များက ဖြိုလှဲဖျက်ဆီးပစ်ခဲ့ကြသည်ဟု သိရသည်။
မင်းတပ်မြို့နယ် မကွီအုပ်စု၊ ချောက်ရိုးကျေးရွာအထက်နားရှိဆုတောင်း ဥယျာဉ်တောင်ကုန်း ပေါ်တွင် စိုက်ထူ ထားသော အမြင့်ပေ (၂၃) အနံ (၃ပေ)နှင့် ထုထည်(၁ပေ)ခန့်ရှိသည့် လက်ဝါး ကား တိုင်ကို ပြီးခဲ့သည့် ဇူလိုင်လ၂၄ ရက်နေ့က ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။ မင်းတပ်မြို့ခရိုင်သာသနာဦးစီးမှူး၊တောင်တန်းသာသနာပြု(အရှေ့ဘုန်းကြောင်း) မှဘုန်းကြီးနှင့် မင်း တပ်မြို့သား ဦးလောကီးတို့ ဦးဆောင်ကာ ခယက ဥက္ကဋ္ဌ၊ ခယက အတွင်းရေးမှူး၊ မယက ဥက္ကဋ္ဌ၊ ခရိုင် ဥပဒေအရာရှိ၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်တရားသူကြီး၊မြို့နယ်ပြည်သူ့ရဲမှူး၊ ခရိုင်သာ သနာရေးဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးတို့၏ ခွင့်ပြုချက်အမိန့် ဖြင့် ယင်းလက်ဝါးကား တိုင်စိုက်ထူခဲ့သူ ဦးထန်းနိုင်နှင့်ဦးဘွေယော တို့အား အကြပ်ကိုင် ဖိအားပေးကာ ပြန်လည် ဖျက်ဆီးခိုင်းခဲ့သည်ဟု သိရသည်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး မင်းတပ်သား တစ်ဦးက “ ဟုတ်တယ်သူတို့ ဖျက်ဆီးတာ မှန်တယ်၊ ဒါပေမဲ့ ဘာကြောင့် အာဏာပိုင် တွေကဒီလိုဖျက်ဆီးကြ တယ်ဆိုတာတော့ မသိရဘူး” ဟု အတည်ပြု ပြောဆို သည်။ ထိုလက်ဝါးကားတိုင်တည်ရှိရာ နေရာသည် ရှေးဘိုးဘွားစဉ်ဆက်ကတည်းက နတ်ပူဇော် ပသရန် ဒေသခံ များက အသုံးပြုခဲ့ ကြကြောင်း၊ ချင်းပြည်နယ် သို့ခရစ်ယာန် သာသနာပြန့်ပွား လာချိန်က စပြီး ဆုတောင်းဥယျာဉ်အဖြစ် အသုံးပြုခဲ့ကြကြောင်း သိရသည်။ ယခင် သစ်သားလက်ဝါးကားတိုင်ကို အထက် အာဏာပိုင် များ၏ ခွင့်ပြု ချက်ဖြင့်လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့က သစ်သားလက် (ကွန်ကရစ်) အင်္ဂတေဖြင့် ပြန်လည်စိုက် ထူခဲ့ကြခြင်းဖြစ် သည်။ သို့သော်လည်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ကတစုံတရာ အကြောင်းပြချက်မရှိဘဲ မင်းတပ်မြို.နယ် အာဏာပိုင်များက ပြန်လည် ဖျက်ဆီးခိုင်းခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ်၏ လူဦးရေ ၈၀ ရာခိုင်နှုန်းခန်.သည် ခရစ်ယာန်ဘာသာကို သက်ဝင်ကိုး ကွယ်ယုံကြည် ကြသည်။ သို့သော် လက်ရှိနိုင်ငံတော်အစိုးရ ကချင်းပြည်နယ်တွင် ခရစ်ယာန်ဘုရား ကျောင်းများ အသစ်တည် ဆောက် ခွင့်များကိုတားမြစ်ပိတ်ပင်မှုများပြုလုပ်လာပြီး ဗုဒ္ဓစေတီပုထိုးများကို သာတိုး ချဲ့တည်ဆောက် နေခဲ့သည်။ ယခုကဲ့သို့ လက်ဝါးကားတိုင်တခု ဖျက်ဆီးခံရခြင်းနဲ့ပတ်သက်ပြီး ချင်းလူ့ အခွင့်အရေးအဖွဲ့ (စီအိပ်ခ်ျ အာရ်အို) ရဲ့ Field Director ကို တေရက “ဘာသာရေးအခွင့်အရေးချိုးဖောက်ရာကျတယ်၊ ခရစ်ယာန် ဘာသာ တွေ ကိုခွဲခြားဆက်ဆံတာဖြစ်တယ်၊ စစ်အစိုးရက မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိတယ် ဆိုပြီး ပြောဆိုနေပေမဲ့ တကယ်လက်တွေ. မှာကျတော့လွတ်လပ်စွာကိုးကွယ် ယုံကြည် ခွင့်မရှိဘူးဆိုတာထင်ရှား စေပါတယ်၊ ဒါဟာခရစ်ယာန်ဘာသာဝင်တွေကို စနစ်တကျ ခွဲခြားဆက် ဆံမှုလို့ ဘဲမြင်တယ် “ဟုခိုနူမ်းထုန်ကို ပြောသည်။ လွန်ခဲ့သည့် ၂၀၀၂ ခုနှစ် မတ်လ တုန်းကလည်း ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ ပေါ် Boltlang တောင်ကုန်းတွင် စိုက်ထူခဲ့သော လက်ဝါးကား တိုင်ကိုဒုတိယဗိုလ်
ချုပ်ကြီး ရဲမြင့်အမိန့် ဖြင့် ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

No comments :

Post a Comment