
လူသားကိုအသက်ရှင်တော်မူသော ဘုရားသခင်က ဖန်ဆင်းထားခြင်းဖြစ်ပါတယ်။ ဒါတွေကို လူသားတွင်ဟာ လက်ခံယုံကြည်ဖို့ အင်မတန်ခက်ခဲနေကြပါတယ်။ ကျမ်းစာလာသည့်အတိုင်း အသက်ရှင်သော ထာဝရ ဘုရားမှတပါး ကိုးကွယ်ရာမရှိ..။
ကျိန်အပ်သောသူက လူကိုပဲ ကိုးစားတယ်၊
လူသားတွေ ပြုလုပ်ထားတဲ့ အရာကို ဘုရားလို့ ယူမှတ်နေကြ ပါတယ်။ ဒါဟာ အင်မတန်
ဝမ်းနည်းစရာ နှင့် အမှားဖြစ်ပါတယ်။ ထိုတို့သော သူဟာ လူကိုပဲ
အမှီပြုနေကြပါတယ်။ လူကိုပဲ အမှီပြုရင် ထာဝရ ဘုရားထဲမှာ ကျနော်တို့
စိတ်နှလုံးထွက်သွားတယ်။ ထိုတို့သောသူသည် ဆင်းရဲဒုက္ခ ခံကြရခြင်းဖြစ်ပါတယ်။
လောကမှာ စိတ်ညစ်စရာ ဆင်းရဲဒုက္ခတွေဟာ များလှပါတယ်။
ကိုယ့်ကိုယ်ကိုရပ်တည်နိုင်ဖို့ဆိုတာ အပေါ်ရံပဲ ဖြစ်နိုင်မှာပါ…။
ထာဝရဘုရားကို ကိုးစားသောသူသည် ကောင်းချီးမင်္ဂလာရကြ၏…။ ထာဝရဘုရားသည် ကျနော်တို့ရဲ့ကိုးစားရာဖြစ်တော်မူ၏..။ ထိုသူသည် ကောင်းချီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏..။
ချစ်သောမိတ်ဆွေ.. ကျနော်တို့ကိုဖန်ဆင်းပြီး ချစ်တော်မူသောဘုရားသခင်ဟာ ကျနော်တို့ကို အစဉ်အမြဲ ကြည့်ရှု စောင့်ရှောက် နေတယ်ဆိုတာကို သတိရဖို့ဖြစ်ပါတယ်။ ကိုယ့်ဘက်ကနေ အဖေလို့ ခေါ်လိုက်ယုံပါပဲ…။ ကိုယ်ဒုက္ခရောက်နေချိန်မှာ မိတ်ဆွေအနေနဲ့ အသက်ရှင်သော ဘုရားသခင်ကို ဆုတောင်း အကူအညီတောင်းဖို့ မမေ့သင့်ပါ။
ကျနော်တို့လူသားတွေရဲ့ သဘောသဘာဝအရ တစ်ခုခုဒုက္ခ တွေ့ကြုံလာပြီဆိုရင် အရင်ဦးဆုံး လူလူချင်း အကူအညီတောင်းဖို့ ဖြစ်လာတတ်ပါတယ်။ ဒါဟာ မှားယွင်းသော အရာဖြစ်ပါတယ်။ ကိုယ့်ရဲ့စစ်မှန်သော အဖေ၊ သခင်ကို တောင်းရှောက်ရမှာဖြစ်ပါတယ်။ ဘုရားသခင်ဟာ အားလုံးရဲ့ သခင်ဖြစ်ပါတယ်။ ကျနော်တို့ အပြစ်သားကို သိပ်ချစ်သောကြောင့် တစ်ဦးတည်းသော သားတော် သခင်ယေရှုကို စွန့်တော်မူခြင်းအားဖြင့် ပြတော်မူပြီးဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ ရိုးရိုးလေး ယုံကြည် လက်ခံလိုက်ရုံလေးပါ…။ အံ့သြဖွယ်ရာ ကျေးဇူးများကို ခံစားရရှိမှာ ဖြစ်ပါတယ်။
No comments :
Post a Comment