Together We Stand
Sunday, June 17, 2012
Friday, May 25, 2012
လက်ဝါးကားတိုင်ကို နအဖစစ်အစိုးရက ဖြိုလှဲ
ခရစ်ယာန် ဘာသာဝင်များ၏ အထွဍ်အမြတ်ထားသည့် လက်ဝါးကားတိုင် နအဖစစ်အစိုးရက ဖြိုလှဲ
သောကြာနေ့၊ သြဂုတ်လ 20 ရက် 2010 ခုနှစ် BNI သတင်း - ခိုနူမ်းထုန် သတင်းဌာန
ချင်းပြည်နယ်တောင်ပိုင်းဒေသ မင်းတပ်မြို့နယ်တွင် ခရစ်ယာန်ဘာသာဝင်များ၏ အထွဍ်အမြတ်ထားသည့် လက်ဝါးကားတိုင် တခုကို ဒေသအာဏာပိုင်များက ဖြိုလှဲ....
ချင်းပြည်နယ်တောင်ပိုင်းဒေသ မင်းတပ်မြို့နယ်တွင် ခရစ်ယာန်ဘာသာဝင်များ၏ အထွဍ်အမြတ်ထားသည့် လက်ဝါးကားတိုင် တခုကို ဒေသအာဏာပိုင်များက ဖြိုလှဲဖျက်ဆီးပစ်ခဲ့ကြသည်ဟု သိရသည်။
Tuesday, April 17, 2012
ဘုရားသခင် ဖန်ဆင်းထားသည့် လိင်၏တွန်းအားကို နားလည်ခြင်း
Understanding The Sex Drive
လူငယ်တစ်ဦးသည် လူကြီးဘ၀သို့ရောက်လာသောအခါ သူ၏ကိုယ်ခန္ဓာအတွင်း၌ အားပြင်းသည့် တွန်းအား တစ်ခု ဖြစ်ပေါ်လာသည်ကို သိရှိခံစားရမည်ဖြစ်သည်။ ဤအားပြင်းသည့် တွန်းအားအသစ်မှာ လိင်၏တွန်းအားပင် ဖြစ်သည်။ လိင်နှင့်ပတ်သက်၍ အာသီသစိတ်ကို ဘုရားသခင်က ကျွန်ုပ်တို့အတွင်း၌ ထည့်သွင်းထားသည်။ ဤအရာက မညစ်ညူးသလို၊ မကောင်းသောအရာမဟုတ်ပါ။ လိင်၏လှုံ့ဆောင်မှုသည် ဘုရားသခင်၏ အကြံအစည်ဖြစ်သည်။ သူသည် ဆန်ကျင့်ဘက်လိင်ကို စိတ်ဝင်စားစေသော ဟိုမုန်းများကို ကျွန်ုပ်တို့အတွင်း၌ ထည့်သွင်းဖန်ဆင်းထားသည်။ ဘုရားသခင် ရည်ရွယ်ထားသည့် လိင်ဆက်ဆံမှုပုံစံမှာ လှပသည်။ ဘုရားသခင်ဖန်ဆင်းထားသော အရာအားလုံးသည် ကောင်းသည်။
Friday, March 30, 2012
၆။ ထာဝရဘုရားသည် ကမ္ဘာကိုဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကိုမျှော်ကိုး၍ ဖန်ဆင်းပါသနည်း။ ၇။ ချမ်းသာစေလိုသည်ဟုဆိုပါက ယခုခန္ဓာရှိသူတိုင်းသည် ဆင်းရဲခြင်း အမျိုးမျိုးတွေ့ကြုံနေကြသည်။ ဘုရားသခင်ဖြစ်စေလိုသည့်ချမ်းသာမဖြစ်သည်မှာ အနန္တတန်ခိုးတော် မရှိ၍ ဘာမှအစွမ်းမရှိ၍ ဖြစ်ရသည်ဆိုက ဘယ်လိုပြန်လည်ဖြေပေးနိုင်ပါသနည်း။
ထိုနေရာတွင်မေးရန်မှာ သင်နှင့် ကျွန်ုပ်တို့၏ ဘဝအား အကောင်းအဆိုးကိုတွေး၍ ဘုရားရှင်အား အပြစ်တင်ဝေဖန်ခြင်းထက် ရခဲလှသော လူ့ဘဝကို အကျိုးရှိရှိအသုံးချ အသက်ရှင်သန်ခြင်းကား သာ၍လျှော်ကန် သင့်မြတ်သည်ဟု ဦးစွာ အကြံပေးလိုက်ပါရစေ….
ယနေ့ ကျွန်ုပ်တို့သည် အလိုအလျှောက် ဤလောကသို့ ဝင်ရောက်လာကြသောသူများဖြစ်ပါက။ အဘယ့်ကြောင့် ဟိုမှာဘက်ကမ်းတွင် ရင်ဆိုင်ရဦးမည့်ဘေးအား ကြောက်ရွံ့နေရန်လိုပါသနည်။ ထို့ကြောင့် လူသည် ကမ္ဘာအတွင်းသို့ အလိုလိုဝင်ရောက်လာခြင်း၊ ဖန်ဆင်းရှင်မရှိ သဘာဝမဟုတ်သော သဘာဝ အတိုင်းဖြစ်ပေါ်သည်ဟု ခံယူထားသည့်အတိုင်း ဦးစွာ အပြစ်တင်ခြင်းစကားကို စတင်ဆွေးနွေးကြပါဦးစို့။
Tuesday, February 7, 2012
လမ်းနှစ်သွယ်
လမ်းနှစ်သွယ်
သင်သည် ဤလောကထဲမှ တစ်နေ့ပျောက်ကွယ်သွားရမည်ကို သတိပြုမိပါသလား။
“သေတစ်နေ့၊မွေးတစ်နေ့” ဟု ထင်ကောင်းထင်ပေလိမ့်မည်။ မှန်ပါသည်“သေတစ်နေ့၊မွေးတစ်နေ့”ဖြစ်၍ကြောက်စရာကောင်းပါသည်။လူသည်တစ်ခါတည်းသေ၍
အပြစ်စီရင်ခြင်းခံရပေဦးမည်(ဟေဗြဲ၊၉း၂၇)။ အဆွေ၏အပုပ်ကောင်သည်။သင်္ချိုင်းကုန်းတွင်လမ်းဆုံသော်လည်း၊
ဝိညာဉ်အပြစ်စီရင်ခြင်းကိုခံရဦးမည်။ သေပြီးဘာဖြစ်ဖြစ်ဟုအဆွေထင်ကောင်းထင်ပေလိမ့်မည်။
အဆွေ၏၀ိညာဉ်သည်မည်မျှတန်ဖိုးရှိသည်ကိုသိပါသလား။ “လူသည်စကြာဝဠာကိုအကြွမ်းမဲ့အစိုးရ၍အသက်ဝိညာဉ်ဆုံးရှုံးလျှင်
အဘယ်အကျိုးရှိမည်နည်း။အသက်ဝိညာဉ်ကိုအဘယ်ဥစ္စာနှင့်ရွေးနိုင်မည်နည်း။” စကြာဝဠာနှင့်တန်းဖိုးမဖြစ်နိုင်အောင်
တန်းဖိုးရှိသော အဆွေ၏၀ိညာဉ်ကယ်တင်ခြင်းရရန် ဤစာစောင်ကိုမေတ္တာနှင့်ရေးသားရခြင်းဖြစ်ပါသည်။
Wednesday, February 1, 2012
သေလွန်သော်လည်းရှင်လိမ့်မည်

Wednesday, January 11, 2012
မေးခွန်း: ခရစ်တော်၏ ဘုရားဇာတိဖြစ်ခြင်းသည် သမ္မာကျမ်းစာနှင့်ညီညွတ်သလော?

Subscribe to:
Posts
(
Atom
)